မြစ်သား ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ Omicron(အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရွာခိုင်ကြီး ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ သိရှိလိုက်နာစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား အသိ ပေးနှိုးဆော်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက Hand Spaker ဖြင့်လှည့်လည် နှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ် ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား တိကျစွာလိုက်နာကြရန်နှင့် နေအိမ်ပြင်ပ ထွက်ခွာလျှင် ပါးစပ်နှင့် နှာခေါင်း စည်း Mask ကိုစနစ်တကျ တပ်ဆင်ကြရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ Mask မတပ် သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာ စနစ်တကျဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို အထူးဂရုပြုထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်)ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိလိုက်နာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အရှိန် အဟုန်မြှင့် အသိပေးလှည့်လည် နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)