နမ့်ဆန် အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)၊ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲများကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင် ကအမျိုးသားနေ့အကြောင်း သိကောင်းစရာများကို ဟောပြောခြင်း၊ ကျောင်းသား/ကျောင်းသူ များအသိပညာဗဟုသုတရရှိစေရန်အတွက် စာအုပ်များကို ဖတ်ရှုစေလိုကြောင်း အစရှိသည်တို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများမှ ပြသထားသော စာအုပ်/စာစောင်များကို ဖတ်ရှုငှား ရမ်းခြင်း၊ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)