အမြို့မြို့အနယ်နယ်သတင်းများ

Oct 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေး စိစစ်ဆောင်ရွက်ခြင်းနှင့် မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Oct 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.ကခွဲ  လွှစင်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန်
Oct 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Myanmar LNY Caps  Co,Ltd မှ အာမခံအလုပ်သမားဒေါ်မိုးမိုးသန်းသည် အလုပ်ခွင်ပြင်ပတွင် ထိခိုက်ဒဏ်ရာဖြင့် သေဆုံးသွားသည့်အတွက် ကျန်ရစ်သူမိသားစုဝင်အား လူမှုဖူလုံရေးရုံး၌ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးလျက်ရှိသည်။
Oct 26,2022
ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် “စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်း ဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ နေကြာမျိုးစေ့နှင့်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေပိုင်းက သာယာဝတီမြို့နယ်၊ အင်းရွာကျေးရွာရှိ တောင်သူလယ်သမားသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Oct 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မီးသတ်ဦးစီးဌာနရုံးနှင့် အမှတ်(၂)ရပ်ကွက်အတွင်း လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Oct 26,2022
မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။