ကျောက်ကြီး အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး တောင်သူအကျိုးစီးပွားမြှင့်တင်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်အိအိမွန်က ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်က ဒေသခံတောင်သူများအား သီးနှံအထွက်တိုးရေး၊ ဓါတ်မြေသြဇာအကျိုးရှိစွာသုံးစွဲကြစေရန်နှင့် မိသားစုဆီဖူလုံရေးအတွက် နေကြာများတိုးချဲ့စိုက်ပျိုးနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဒေသအတွင်းတောင်သူများအား စပါး(၁)ဧကလျှင် တင်း(၁၀၀)နှင့်အထက် အထွက်နှုန်းတိုးတက်ရေးနည်းလမ်းများ၊ ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိန်ကိုက် အချိုးကျသုံးစွဲတတ်စေရန်နည်းလမ်းများ၊ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများ၊ ဆီထွက်နေကြာသီးနှံမျိုးစေ့ထုတ်နှင့် အထွက်နှုန်းတိုးအောင်စိုက်ပျိုးခြင်းနည်းလမ်းများအား မိမိတို့ဌာန ကွင်းဝန်ထမ်းများနှင့် ကူညီဆောင်ရွက်နေမှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်