ကျွန်းစု စက်တင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ အသိပညာပေး (Talk Show)အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး(Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်လဝကမှူး ဒေါ်လှကေသီက နိုင်ငံသားစိစစ်ရေးကတ်နှင့် ပုံစံ(၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်း ပျောက်ဆုံးသူ၊ ပျက်စီးသူ၊ အသစ်ပြုလုပ်မည့်သူ၊ မပြုလုပ်ရေးသေးသူများသည် မြို့နယ် လဝကရုံးများတွင် လာရောက်ပြုလုပ်နိုင်ကြောင်း၊ ပုံစံ(၆၆/၆) အိမ်ထောင်စုပါ အချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များကွဲလွဲနေပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင်လာရောက်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ Talk Show အစီအစဉ် အပြည့်အစုံကို မြို့နယ်ပြန်/ဆက်ရုံးမှ ဖွင့်လှစ်ထားသော We Love Kyunsu Page တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)