Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟိုင်းကြီးကျွန်းမြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပြည်သူများက ဟိုင်းကြီးကျွန်း မြို့နယ် အတွင်း သီတင်းသုံး တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင…
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်သူများက ဟိုင်းကြီးကျွန်းမြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီခွဲအချိန်တွင် ပဓာနိကာရာမကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်း
May 15,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့ကြီးမှူးဖွင့်လှစ်သော (ပထမ) အကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့အတွင်း သတင်းသုံး တော်မူကြသောရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများဆက်ကပ် လှူဒါန်းပွဲကျင်းပ
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဉက္ကံတောင်ဇေယျ သုခကျောင်းတိုက်တွင် ယမန်နေ့မွန်းလွှဲ(၂)နာရီခွဲအချိန်က ရွှေသောင်ယံမြို့အတွင်း သတင်းသုံး နေထိုင်ကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများမှ လှူဒါန်းသည့်ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပံတို့အားဆက်ကပ် လှူဒါန်းပွဲကိုကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများ စုပေါင်းလှူဒါန်းသော ဆီ၊ ဆား၊ ပဲ၊ ဆွမ်းဆန်တော်များ လှူဒါန်းပွဲ ကျင်းပ
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်တွင် မေလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းသော ဆီ၊ ဆား၊ ပဲ၊ ဆွမ်းဆန်တော်များ လှူဒါန်းပွဲ ကို ဟင်္သာတမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော် (၃၉)ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ
May 15,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသည့် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် မြတ်ကြီး၏ (၃၉)ကြိမ်မြောက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်း လောင်းပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေတိဂုံ စေတီတော်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များနှင့် စေတီတော် ဝန်ထမ်းများ၊ ဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးပြည်သူများ တက်ရောက်၍ညောင်ရေသွန်း လောင်းပူဇော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ကျက်သရေဆောင်သေဋ္ဌမာရ်အောင် ဘုရားကြီးတည် ထားကိုးကွယ် သောနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပူဇာသဘင် အခမ်းအနား သို…
May 15,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဘားအံမြို့ကျက်သရေဆောင်သေဋ္ဌမာရ်အောင်ဘုရားကြီး တည်ထား ကိုးကွယ်သောနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပူဇာသဘင်အခမ်းအနားကို မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် ကဆုန်လပြည့်နေ့အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်စည်းကားသိုက်မြိုက်စွာကျင်းပ
May 15,2022
ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့မှဦးဆောင်၍ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ သီလရှင် ဆရာလေးများအား ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပထမအကြိမ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ကဆုန် ညောင်ရေသွန်းပွဲတော်ကို မေလ(၁၄)ရက်၊ မွန်းလွဲ(၃)နာရီက ဆွဲမှန်ကျေးရွာ အနီး၊ မင်းရာမဘုရားတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာ မြို့နယ်အတွင်း သီတင်းသုံးနေထိုင်ကြသော ရဟန်း၊ သံဃာ၊ သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ ပဲဆံများ ဆပ်ကပ်လှူဒါန်းပွဲကျင်းပ
May 15,2022
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာ ခရိုင်၊လပွတ္တာ မြို့နယ် သကျမာရဇိန် ဘုရားကြီး တွင် ယမန်နေ့ ကဆုန်လပြည့်နေ့ နေလည် ၂ နာရီ အချိန်က မြို့နယ်အတွင်း သီတင်းသုံး နေထိုင်ကြသော ရဟန်း၊ သံဃာ၊ သီလရှင် ဆရာကြီး၊ ဆရာလေးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား လှူဖွယ်ဝတ္ထု ဆပ်ကပ်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18139
Page
18140
Page
18141
Page
18142
Current page
18143
Page
18144
Page
18145
Page
18146
Page
18147
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department