အမြို့မြို့အနယ်နယ်သတင်းများ

May 15,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နန်းတော်ရာ တဲတိုက်၊ ညောင်တိုတဲတိုက်နှင့် စံပြကျေးရွာသို့ မေ၁၅ရက်၊ နံနက်၈နာရီအချိန်မှ စတင်ပြီး သောက်သုံးရေဂါလံ(၄၈၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်းအကျိုးဆောင်များထံက သိရသည်။
May 15,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ၃နာရီအချိန်က မြို့သစ်မြို့ကွက်သစ်ရပ်ကွက်၊ သာလေးသာသမိုင်းဝင် အင်ကြင်း သာစေတီတော်မြတ်ကြီး၏ ဘုရားပရဝန်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
May 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌ စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူ များ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၈.၃၇၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံ လမ်းသွယ်(၂)လမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းကို  ယမန်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်သူများက ဟိုင်းကြီးကျွန်းမြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီခွဲအချိန်တွင် ပဓာနိကာရာမကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
May 15,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့ကြီးမှူးဖွင့်လှစ်သော (ပထမ) အကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ ကျင်းပသည်။
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဉက္ကံတောင်ဇေယျ သုခကျောင်းတိုက်တွင် ယမန်နေ့မွန်းလွှဲ(၂)နာရီခွဲအချိန်က ရွှေသောင်ယံမြို့အတွင်း သတင်းသုံး နေထိုင်ကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများမှ လှူဒါန်းသည့်ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပံတို့အားဆက်ကပ် လှူဒါန်းပွဲကိုကျင်းပ ပြုလုပ်သည်။
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်တွင် မေလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းသော ဆီ၊ ဆား၊ ပဲ၊ ဆွမ်းဆန်တော်များ လှူဒါန်းပွဲ ကို ဟင်္သာတမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 15,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသည့် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် မြတ်ကြီး၏ (၃၉)ကြိမ်မြောက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်း လောင်းပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေတိဂုံ စေတီတော်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များနှင့် စေတီတော် ဝန်ထမ်းများ၊ ဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးပြည်သူများ တက်ရောက်၍ညောင်ရေသွန်း လောင်းပူဇော်ကြသည်။