Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
Nov 02,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဖြင့်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်
Nov 02,2022
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မော်ထုပ်ကြီးကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပံ့ငွေ ၁၀ သန်းနှင့်ပြည်သူထည့်ဝင်ငွေ ၂ ဒသမ ၅ သန်းတို့ဖြင့် ကွန်ကရစ်လမ်း အလျား ၇၀၄ ပေ၊ အကျယ် ၆ ပေ၊ ထု ၆ လက်မ ဆောက်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်း စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူ ဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတ ပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု ရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ ငှားရမ်းပေး
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ ဆေးဖက်ဝင်မယ်ဇလီဖူး ဆွတ်ခူးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိနေ
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ညတွင်ကြယ်စုံချိန်တွင် ဆေးပေါင်းခသည့် သဘာဝဓာတ်စာအဖြစ် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ယုံယုံကြည် ကြည်စားသုံးလေ့ရှိသည့်၊ ဆေးဖက်ဝင် မယ်ဇလီဖူးများကို တန်ဆောင်မုန်းလဆန်းမှစ၍ ဆွတ်ခူးရောင်းချ လျက်ရှိနေကြရာ၊ မယ်ဇလီဖူးဆွတ်ခူးရောင်းချခြင်းဖြင့် ကျေးရွာမိသားစုများအတွက် အပိုဝင်ငွေ ရရှိနေကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ အ.လ.က (ခွဲ)ခုံကြီးကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နံက်ပိုင်းက စာပေဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် (တစ်နှစ်ခွဲ)အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ
Nov 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Nov 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သက်၍ အသိပညာပေးထုတ်ပြန်ချက်များအား အသိ ပညာပေးပိုစတာများစိုက်ထူးခြင်း၊လက်ကမ်းစာစောင်များ အသိညာပေးဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံများနှင့် လူစည်ကားရာနေရာများတွင် အသိပညာဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်ရှိ ဘုရားငါးဆူ၌ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်မည်
Nov 02,2022
၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဗုဒ္ဓရုပ်ပွားတော်နှင့် အာရုံခံတန်ဆောင်းလေးခု၌ရှိသည့် ဘုရားလေးဆူတို့အား ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် သစ်သီးဆွမ်းကပ်လှူခြင်းတို့ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18137
Page
18138
Page
18139
Page
18140
Current page
18141
Page
18142
Page
18143
Page
18144
Page
18145
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department