Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်သူများကငရုတ်ကောင်းမြို့အတွင်း သီတင်းသုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင် အပါး(၁၀၀)တို့အား ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲများဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်…
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများက ငရုတ် ကောင်းမြို့အတွင်း သီတင်းသုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်အပါး (၁၀၀)တို့အား ဆွမ်းဆန် တော်(၁၇)အိပ်၊ ဆီ(၅၀)ပိဿာ၊ ဆား(၅၀)ပိဿာနှင့် ပဲ(၁၀၀)ပိဿာ၊ တန်ဖိုးငွေစုစုပေါင်း (၁၅၄၅၀၀၀)ကျပ်ရှိ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နေ့လည် ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း မအီမြို့အံတော်သိမ်စေတီတော် ဌာပနာပိတ်ပွဲသို့ တက်ရောက်ပူဇော်
May 15,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်း၌ တည်ထားကိုးကွယ်သည့် အံတော်သိမ်စေတီတော်အထက်ဌာပနာပိတ်ပွဲနှင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ မြောက်ဦးဆရာတော်ဘုရားကြီးအား ဂုဏဝိသိဌပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တက်ရောက်ပူဇော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၀၂၅ ပါးကို ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆပ်ကပ်လှူဒါန်း
May 15,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝါးခယ်မမြို့နယ်ရှိ ပြည်သူများ၏ လှူဒါန်းမှုဖြင့် မြို့နယ်အတွင်း သီတင်းသုံးလျက်ရှိသော ရဟန်း၊ သာမဏေနှင့်သီလရှင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်လှူဖွယ်ပစ္စည်း(၄)မျိုး ဆက်ကပ်လှူဒါန်းပွဲကို မင်းပိုင်းရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သဘာဝဇီဝမြေဩဇာစက်ရုံအားကြည့်ရှုစစ်ဆေး
May 15,2022
ဒေသတွင်း ဓါတ်မြေဩဇာများအသုံးပြုခြင်းကိုလျော့ချ၍ သဘာဝဇီဝမြေဩဇာများကို တွင်တွင်ကျယ်ကျယ် အစားထိုးထုတ်လုပ်အသုံးပြုလာစေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဘားအံ မြို့နယ်၊ဝဲကရင်ကျေးရွာရှိ ဩဇာမင်းသဘာဝဇီဝမြေဩဇာ စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားကြီးမြို့၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကျင်းပ
May 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဘုရားကြီးမြို့ ဆုတောင်းပြည့်သမိုင်းဝင် မဟာဝိဇယရံသီ စေတီတော် မြတ်ကြီး၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို မေလ ၁၄ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့လယ်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုမ်၌ ဘုရားအမှူးပြုသော သံဃာတော် အရှင်သူမြတ် (၅၁၃)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ရာ ဘုရားကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ဆွမ်းဆန်စိမ်းများလောင်းလှူ ပူဇော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့တွင် ပါဠိပထမပြန်စာမေးပွဲစူဠဘွဲ့နှင်းသဘင်အောင်လက်မှတ်များ ဆက်ကပ်ပေးအပ်
May 15,2022
သာသနာရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့်၊၂၀၂၁ခုနှစ် သံဖြူဇရပ် မြို့နယ်၏(၄၄)ကြိမ်မြောက်အစိုးရ ပါဠိပထမပြန်စာမေးပွဲကျင်းပဖြေဆို ရာတွင်အောင်မြင်တော်မူခဲ့သည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များအား အောင်လက်မှတ် ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့နေ့လည်၁၂နာရီက သံဖြူဇရပ်မြို့ နန္ဒဝန်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကဆုန်လပြည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများ စည်ကားများပြား
May 15,2022
ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ “ ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊စံဝင်နိဗ္ဗာန်နန်း” ဆိုသည့်စကားအတိုင်း ယနေ့မန်နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသူများ၊ ဥပုဒ်သီလစောင့်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ၍ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်အတွင်းသီတင်းသုံးတော်မူကြ သော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ၊ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့နှင့်ပြည်သူများက အိမ်မဲမြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18142
Page
18143
Page
18144
Page
18145
Current page
18146
Page
18147
Page
18148
Page
18149
Page
18150
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department