အမြို့မြို့အနယ်နယ်သတင်းများ

May 15,2022
 ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအနီးရှိ ကမော့ကပိုမျိုးသန့်ခြံတွင်ကျင်းပသော ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ပိုက်ဆံလျှော်ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်ခဲ့ကြသည်။
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊ သာသနာ့ဗိမာန်တော်တွင် မေလ ၁၃ ရက်နေ့ညနေပိုင်း ၂၀၂၁ခုနှစ်၊ အစိုးရပါဠိပထမပြန်စာအောင်ဆုနှင်းသဘင်နှင့်စူဠဘွဲနှင်း သဘင်အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၁၃၈၄ခုနှစ် ကဆုန်လပြည့်နေ့ မိုးရာသီအကြို သစ်ပင်စိုက်ပျိူးပွဲကို လေးမျက်နှာမြို့နယ် ကျက်သရေဆောင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိစေတီတော်မြတ်ဘုရားဝန်းအတွင်း၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကိုကာကွယ်ပေးနိုင်သည့် တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူး၍ မြို့နယ်အတွင်း သီတင်း သုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ရင်ပြင်တော်၌ပြုလုပ်သော ဗောဓိညောင်ရေသွန်းလောင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေဝတ်ရွတ် အသင်းများနှင့် ပြည်သူများ တက်ရောက်ကြသည်။
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်သူများက ငပုတောမြို့နယ်အတွင်း သီတင်း သုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေ (၂)နာရီ အချိန်ခန့်တွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်း​ပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဇနီးဒေါ်နီလာထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် ​မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင် ရာဌာန အသီးသီးမှ တာဝန်ရှိသူများ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
May 15,2022
၁၃၈၄ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ နေ့လည်(၂)နာရီက စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပခဲ့သည်။
May 15,2022
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဇေတဝန်တောရ စာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ ယနေ့မွန်းလွဲ ၁ နာရီက ကဆုန်လပြည့် ဗုဒ္ဓနေ့ စုပေါင်းညောင်ရေသွန်းလောင်းပွဲတော် အခမ်းအနားကျင်းပရာ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။