အမြို့မြို့အနယ်နယ်သတင်းများ

May 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကံကျီး/မကြီးရပ်ကွက် ဇေယျာသိမ်ကျောင်းတိုက်၌ ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူခဲ့သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူတော်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပူဇော်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့က ပြုလုပ်ကျင်းပခဲ့သည်။
May 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် နိုင်ငံတော်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော(၃၇)နှစ် မြောက် ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့သော ရဟန်း၊ သာမ‌ဏေ၊ သီလရှင်များအား  စာအောင်လက်မှတ်ဆက်ကပ်ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ထီးချိုင့်မြို့ အမှတ်(၂)ရပ်ကွက် သိုက်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 15,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာတွင်  နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းဆုပေးပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က လက်ခုပ်ပင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 15,2022
ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၀၃)ကြိမ်မြောက် ကဆုန်‌ညောင်ရေသွန်းပွဲတော်ကို အခမ်းအနား အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့သည်။
May 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းလှူပူဇော်ခြင်းနှင့်ဆွမ်းဆန်ဆိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အခမ်းအနားအစီအစဉ်(၃)ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
May 15,2022
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် မရမာကြီးတိုင်းရင်းသားများ၏(၇)ကြိမ်မြောက် အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ မရမာကြီးဘုန်းတော်ကြီး (ကျောင်းဟောင်း)၌ ကျင်းပသည်။
May 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၅၉) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယမန်နေ့နံနက် ကဆုန်လပြည့် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
May 15,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအ‌ခြေခံ ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ကျေးလက်ဦးစီးဌာန၌ မေလ ၁၃ ရက်နေ့ နံနက် (၁၁)ညနာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။