အမြို့မြို့အနယ်နယ်သတင်းများ

May 17,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် စိန်တစ်လုံးသရက်သီးဈေးကွက်တွင် ဆယ်လုံးဈေးတစ်ထောင်ကျပ်သာ ရောင်းချနေရကြောင်း စိန်တစ်လုံးသရက် ရောင်း/ဝယ်ရေးလုပ်ကိုင်နေသည့် ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးမှ စိန်တစ်လုံးသရက်သီးပွဲစား ဒေါ်ပူစူးထံကသိရသည်။
May 17,2022
တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ထားဝယ်မြို့၌ လုပ်ငန်းခွင်မပျက်(On Job Training) စာရင်းရေးစာရင်းကိုင် သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 17,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် သင်ရိုးသစ် Gradr-8 ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အ-ထ-က(မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် (Grade-8)သင်ရိုးသစ် မြို့နယ်အဆင့် ဆင်ပွားသင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
May 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၇)ရပ်ကွက်၊ မိုခမ်းရပ်၊ ဇေယျသုခစာသင်တိုက်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ တည်ထားကိုးကွယ်သည့် ဉာဏ်တော်အမြင့် (၂၇)ပေ မဟာလာဘမုနိ နှီးဘုရားဌာပနာတော် သွင်းမင်္ဂလာနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၅)ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဇေယျသုခစာသင်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 16,2022
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ကြီးမှူးကျင်းပသော ဘုရားအနေကဇာတင်၊ တိမ်ကျောင်း၊ ဓမ္မရုံ၊ ရေစက်ချအလှူတော်မင်္ဂလာနှင့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက ခိုလမ်မြို့ချမ်းမြေ ဂုဏ်ဝေပရဟိတသာသနာပြုကျောင်းတိုက်၌ ကျင်းပသည်။
May 16,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီက မြို့နယ် ပညာရေးမှူးမှ ဦးဆောင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Grade-8 သင်ရိုးသစ်ဆင့်ပွါးသင်တန်းကို အ.ထ.က ကျောက်ကြီးကျောင်းတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
May 16,2022
ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်(Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ နာရီက အမှတ်(၂) အခြခံပညာအထက်တန်းကျောင်းတွင်