Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာယာဝတီမြို့တွင် အသက် (၁၅) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အသက် (၁၅) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးအဖွဲ့ (၂၁) ဖွဲ့ဖြင့် ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ် (၂၁) ရပ်ကွက်သို့ ကွင်းဆင်း၍ အသက် (၁၅) နှစ်အထက်ပြည်သူ (၁၉၄၆) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Bosster ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးအောင် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက် / ကျေးရွာများ အားလုံးသို့ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌၆၆/၁၁ကေဗွီလျှပ်စစ်ဓာတ်အားခွဲရုံ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီး
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မြို့နယ်လျှပ်စစ်ရုံး၌ ၆၆/၁၁ကေဗွီ ဓာတ်အားခွဲရုံမှ ဝန်ထမ်းများ စိတ်အေးချမ်းသာအဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လေးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်
May 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိရပ်ကွက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့်
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ဈေးကွက်အတွင်း တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးနှင့် ကုန်ညွှန်းအမှတ် အသားများပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ ညနေ၃နာရီက မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး
May 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ဖျာပုံပေါ်ဆန်းမွှေးစပါးကို အဓိက စိုက်ပျိုးလျက်ရှိသောဒေသဖြစ်ရာ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးကျန်အားလုံး ပြေကြေပြီးသူ တောင်သူများအား ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်၌ ၂၀၂၂ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးအပ်ပွဲကျင်းပ
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ဝေါမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် (၁၀၃)ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
May 17,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် (၁၀၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် အောင်ပွဲအထိမ်းအမှတ် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်မှစတင်၍ အဆိုပါဘုရားကြီး၏ မြောက်ဘက် အာရုံခံတန်ဆောင်းအတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18113
Page
18114
Page
18115
Page
18116
Current page
18117
Page
18118
Page
18119
Page
18120
Page
18121
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department