Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကန့်ဘလူမြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်ကွက် ဧက ၄၀လျာထား စိုက်ပျိုးမည်
May 17,2022
စစ်ကိုင်းတိုက်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်ကွက် ဧက ၄၀ လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် (Grade-8)သင်ရိုးသစ် ဘာသာရပ်များအား ဆင့်ပွားသင်တန်းဖွင့်လှစ်
May 17,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၀၇)ကျောင်းရှိ ကြောင်းသိရှိရပြီး အမှတ်(၁)အခြခံပညာအထက်တန်းကျောင်းတွင် ဧပြီ(၁၇)ရက် နံနက်(၉)နာရီက ဆရာကိုင်လမ်းညွှန်စာအုပ်များ ကျွမ်းကျင်စွာ သိရှိသဘောပေါက်ပြီး ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် ဘာသာရပ်များသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် (Grade-8) သင်ရိုးသစ်ဘာသာရပ်များအား ဒုတိယနေ့အဖြစ် ဆက်လက်သင်ကြားခဲ့ကြောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရတနာပုံတက္ကသိုလ် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 17,2022
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ ဖြစ်ပေါ်စေရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မေလ (၁၇) ရက် နံနက်(၇)နာရီ (၃၀)မိနစ်အချိန်က ရတနာပုံတက္ကသိုလ်ပုရဝုဏ်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ (၉၄) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်ဘုရားများ၏ ဗုဒ္ဓပူဇေနိယ ပွဲတော်တွင် ပြိုင်လောင်း (လှေလှော်)ပြိုင်ပွဲ ဆုပေးပွဲအခမ်း…
May 17,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းရှိ အထင်ကရ ဘုရားစေတီ၊ ပုထိုးများဖြစ်သော (၉၄) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဗုဒ္ဓပူဇေနိယပွဲတော်တွင် ရခိုင်ရိုးရာပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အောင်တပ်ရပ်ကွက် ပြိုင်လောင်း(လှေလှော်) မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး
May 17,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စဉ်ဆက်မပြတ် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ချေးငွေများ စတင်ထုတ်ချေးပေး
May 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူ လယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အလှပြင်သင်တန်းဖွင့်လှစ်
May 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အလှပြင် သင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့နယ်တွင် နေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး
May 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ ယနေ့နံနက် ၈ နာရီက မိုးကောင်းကျေးရွာနေ တောင်သူ(၈)ဦး၏ ယာမြေ ၈ ဧကတွင် ၂၀၂၂ မိုးနေကြာသီးနှံ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးရာ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးနှင့် မြို့နယ် လုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18115
Page
18116
Page
18117
Page
18118
Current page
18119
Page
18120
Page
18121
Page
18122
Page
18123
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department