အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့​နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ဖြူးအရှေ့ကျေးရွာအုပ်စု၊ ဦးပုကုန်းဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 03,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယဦးစီးမှူးရုံးမှဝန်ထမ်းများသည် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့ပေါ်ရက်ကွက် ၄ခု နှင့် လူစည်ကားရာ နေရာများ၌ လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
Nov 03,2022
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က တနိုင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ်သည်။
Nov 03,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် SME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်များ ထုတ်လုပ်နေသော လုပ်ငန်းခွင်များသို့တိုင်း‌ဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းကဆောင်ရွက်ခဲ့သည်။
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ မိဘပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၂)နာရီအချိန်က မြို့မရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ နံရံကပ်ဘုတ်တွင် အသိပညာပေး ဗီနိုင်းများ ပြသခြင်း၊ လမ်းသွားလမ်းလာ အများပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ခဲ့ကြောင်း သိရသည်။
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရွာသစ်ကျေးရွာ သန္တိသုခဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံတွေးနွေးခဲ့ကြောင်း သိရသည်။
Nov 02,2022
နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကော့ဒါန်းမယ်ကျေးရွာ (VDP) ခန်းမဆောင်နှင့် စက်ရေတွင်း (အိမ်သွယ်ရေတိုင်စနစ်) ရေပေးရေးဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါ ခန်းမဆောင်တည်နေရာ၌ ကျင်းပသည်။