အမြို့မြို့အနယ်နယ်သတင်းများ

May 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးနှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲတတ်စေရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
May 17,2022
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ပေါ်တွင် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်ရှင်းစေရန်နှင့် ယာဉ်စည်းကမ်း လိုက်နာစေရေးတို့အတွက် ရဲအုပ်နေလင်း ဦးဆောင်သည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီအချိန်က ဆေးရုံရှေ့ မင်းဘူး(စကု) လမ်းမကြီးပေါ်တွင်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးခြင်းနှင့် စစ်ဆေးအရေးယူခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မကြာမီကာလအတွင်း စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် ကျောင်းဥပဓိရုပ် သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် စာသင်ကျောင်းများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်၍ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
May 17,2022
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ (Community Center) ခန်းမတွင် အသိပညာ‌ပေးဟောပြောပွဲနှင့် ကလေးစာဖတ်ခန်းတွင် ကဗျာရွက်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
May 17,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ တောင်သူများသည် စိန်တစ်လုံးသရက်မျိုးများကို မြေအောက်ရေဖြင့် အသုံးပြု၍ စိုက်ပျိုးလျက်ရှိရာ ကွက်သစ်ရပ်ကွက်တွင် စိန်တစ်လုံးသရက်မျိုးများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု ဝက်တူးကျေးရွာနှင့် ငနွားဆိပ်ကျေးရွာတို့၌ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့်
May 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌  သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးတို့ကိုရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက မြကန်သာရပ်ကွက်ရှိ ဆီဆိုင်ဂေါက်ကလပ်ဝင်းအတွင်း၌ ၂၀၀၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပသည်။
May 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ်(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းများကို ယမန်နေ့နံနက်မှစတင်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ဆောင်များတွင် ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။