အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2022
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ(၁)ရက်နေ့မှ (၅)ရက်နေ့ အထိ အထက(၂)မုံရွာတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်များမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က နတ်တလင်းကျောင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများ၊ ကျောင်းပြင်ပနှင့်ဝန်ထမ်းများ 1st booster myancopharm၊ 2nd booster myancopharm၊ 1st booster sinopharm၊ 2nd booster sinopharm (၁၁၃၅)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ရတနာ)ခန်းမ၌ ပြုလုပ်သည်။
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီးငါးကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ကျောက်မဲမြို့ အမှတ်(၆)ရပ်ကွက်၊ ရန်ကုန်ကျောင်းတိုက်တွင် ယမန်နေ့မွန်းလွှဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က တာဝန်ရှိသူများအတူ မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ နံနက် (၈)နာရီအချိန်က ထိန်ငူကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် စာရေးကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။