အမြို့မြို့အနယ်နယ်သတင်းများ

May 17,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ(၁၇)ရက် နေ့ နံနက်(၈)နာရီအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) အား ကျင်းပပြုလုပ်ကြောင်း သိရသည်။   
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၈:၀၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး လက်မှု့ပညာတစ်ရပ်ဖြစ်သည့် ပန်းကြယ်သီး ထိုးနည်းသင်တန်းအား ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
May 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပညာရေးဌာနက ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ (Grade-8) သင်ရိုးသစ်ကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ရေးနှင့် သင်ကြားနည်းစနစ်များ အရည်အသွေးကောင်းမွန်စေရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
May 17,2022
ကလေးများအားလုံး သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားရန်နှင့် ဆရာဆရာမများအားလုံး သင်ကြားမှုအရည်အသွေးများ ဖွံ့ဖြိုးတိုး တက်မြင့်မားလာရန် ရည်ရွယ်ပြီး Grade 8 စနစ်သစ်(သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဆရာ ဆရာမ ၃၃၃ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
May 17,2022
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အမျိုးသားအမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယမန်နေ့ ညနေ ၃နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
May 17,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ မြသရဖူခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
May 17,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ မေ ၁၀ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။