ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ဧက (၁၆၃၉) ဧက ရေပြည့်ဝစွာပေးနိုင်ရေး သင်တောင်း လက်တံမြောင်းတွင် သဲနုန်းများတူးဖော်ပေးသွားမည်ဖြစ်

ကျောက်ဆည် နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေရာနိုင်ရေး၊ တိမ်ကောနေသည့်မြောင်းများအား သဲနုန်းများ တူးပေးခြင်း၊ မြောင်းနံရံများအား ကျောက်ဆလံစီပေးခြင်း၊ ပျက်စီးနေသည့်ရေပေးပြွန်များ၊ ရေကျ အဆောက်အအုံများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်၌ သီးနှံမျိုးစုံစိုက်ဧက (၁၆၃၉) ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်တောင်းလက်တံမြောင်းတွင် သဲနုန်းများ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ခွင့်ပြုငွေ (၁၅.၀၀၀) ကျပ်သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူကာ ထန်းဇင်တော် ကျေးရွာအနီး သင်တောင်းလက်တံမြောင်း၏ ပေတိုင်အမှတ် ၀+၀၀၀ မှ ၂၂+၀၀၀၊ အရှည် (၂၇၀၀၀) ပေအတွင်း ပို့ကျလျက်ရှိသော သဲနုန်းကျင်းပေါင်း (၆၈၂၁) ကျင်းအား တူးဖော်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

သဲနုန်းတူးဖောင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက သင်တောင်လက်တံမြောင်းမှ စပါး၊ နှမ်း၊ ငရုတ်၊ ကြက်သွန်စသည့် သီးနှံမျိုးစုံ စိုက်ဧက (၁၆၃၉) ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ လိုအပ်သည့် ရေပမာဏပြည်ဝစွာ ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)