Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 22,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လွိုင်ကော်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လွိုင်ကော် တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အဦ ပြင်ဆင်ရေး လုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၌ ဧကဒသမတန်း (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်
May 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် ဧကဒသမတန်း (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်လက်ခံရာ၌ အဆင်ပြေစေရေးအတွက် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မြို့တော်ဝန်မှ ကြည့်ရှုအားပေး
May 22,2022
ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ ရန်ကင်းမြို့နယ် အမှတ်(၁၁) ရပ်ကွက်၊ သစ္စာလမ်းရှိ၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း အတွင်း/အပြင်သန့်ရှင်းရေးကို မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် မိုးသက်လေပြင်းအရှိန်ကြောင့် အုန်းပင်လဲ၍ အိမ်တစ်လုံးပျက်စီး
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က တိုက်ခတ်ခဲ့သော မိုးသက်လေပြင်းအရှိန်ကြောင့် အမှတ်(၂)ရပ်ကွက်ရှိ ဓနိမိုး၊ ဓနိကာ အိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်တွင် Green City၊ Clean City၊ Smart City အဖြစ် ဖော်ဆောင်ရန် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
May 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် Green City, Clean City, Smart City အဖြစ် ဖော်ဆောင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မင်းဘူး-အမ်းကားလမ်းဘေးရှိ မိုင်တိုင်အမှတ် (၂/၀)အနီး မြို့နယ်သစ်တောဦးစီးဌာန (၅)ဧက ပျိုးဥယျာဉ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 22,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန် တုတ်ကွေးရောဂါ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အရာရှိရပ်ကွက်သို့ သွားရောက်ကာ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့နယ်တွင် “ကျောင်းနေအရွယ်ကလေး အားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူပွဲ ကျင်းပ
May 22,2022
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်(၈:၃၀)နာရီက ကော့ကရိတ်မြို့ အထက-၂ကျောင်းရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18046
Page
18047
Page
18048
Page
18049
Current page
18050
Page
18051
Page
18052
Page
18053
Page
18054
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department