အမြို့မြို့အနယ်နယ်သတင်းများ

May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ Grade-11 သင်ရိုးသစ် သင်တန်း (တတိယနေ့)ကို ယနေ့နံနက်ပိုင်းတွင် ပုလောမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ ရန်ပုံငွေဖြင့်ဆောက်လုပ်သော တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁:၃၀) နာရီအချိန် က အာသောကလမ်း၊ အမှတ် (၂) ရပ်ကွက် တရားရုံးအဆောက်အဦသစ်မျက်နှာစာ၌ ကျင်းပသည်။
May 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပူးပေါင်းပါဝင်သည့် စုပေါင်းသန့်ရှင်းရေးကို၊ မေလ(၂၁)ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာန၊ သစ်တောဦးစီးဋ္ဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ကို ဂုဏ်ပြုသောအားဖြင့်၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် (၇:၃၀)နာရီ အချိန်ခန့်က ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းဝန်းအတွင်းကျင်းပ ပြုလုပ်ခဲ့သည်။
May 22,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ်ဝင်းအတွင်း၌ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲ က အဆိုပါ တက္ကသိုလ်တွင် ကျင်းပခဲ့သည်။
May 22,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ ၉ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
May 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Grade-11 သင်ရိုးသစ်ဆင့်ပွါးသင်တန်းကို မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြီး ယမန်နေ့နံနက် (၉)နာရီ အချိန်က အမှတ်(၃)အထကကျောင်းတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
May 22,2022
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့မအားကစားကွင်းအနီးတွင် ယနေ့နံနက်ပိုင်း က ကျင်းပခဲ့ကြောင်း သိရသည်။