Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Nov 05,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၁ နာရီက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌အကြိမ် (၃၀)မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ
Nov 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၇) ရပ်ကွက် ညောင်တုန်း ကျောင်းအား အမှူးထား၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အကြိမ် (၃၀) မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုပေါင်းလှူဒါန်းသော ငွေကျပ်သိန်းပေါင်း (၃၀၀) ကျော် တန်ဖိုးရှိ စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်ရတနာ့သိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ (၂၇) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံ ကထိန်ပဒေသာပင်များ စီတန်းလှည့်လည်ပွဲ ကျင်းပ
Nov 05,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က သိမ်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်းတွင် စုရပ်ပြုလုပ်ကာ (၂၇)ကြိမ်မြောက် မြို့နယ် လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံ ကထိန်ပဒေသာပင်များအား မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ
Nov 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့် အမှူးပြုသောမြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက သာယာအေးဗြဟ္မဝိဟာရ ကျောင်းတိုက်ဝန်းအတွင်းရှိ ဗြဟ္မဝိဟာရဓမ္မ ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာ ဟောပြောပွဲအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ် (၂) ရပ်ကွက်၊ မြို့မအခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းကပ်လှူခြင်း၊ စာရေတံ မဲဖောက်ခြင်း၊ ရေစက်ချ အခမ်းအနား ကျင်းပ
Nov 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူခြင်း၊ စာရေတံမဲဖောက်ခြင်း၊ ရေစက်ချအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁) နာရီက ဖောင်ရွာရပ်ကွက် နေလသုခဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၌ အသက် ၁၅ နှစ်ခန့်ရှိ တောဆင်ထီးတစ်ကောင် ဝမ်းဗိုက်ဖောင်းကား သေဆုံးလျက်တွေ့ရှိ
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ လယ်ကွင်းထဲတွင် အသက် ၁၅ နှစ်ခန့်ရှိ တောဆင်ထီးတစ်ကောင် ဝမ်းဗိုက်ဖောင်းကား သေဆုံးနေသည်ကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ဒေသခံ ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိ၍ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က သွားရောက် စစ်ဆေးမှတ်တမ်းရယူပြီး မီးရှို့သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ဘုရားလာရောက်ဖူးမြှော်ကြသည့် ပြည်သူ (၃၀၀၀)ဦးခန့်အား ဘုရားပေါ်သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧ…
Nov 04,2022
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ နိုဝင်ဘာ(၃)ရက်(၄)ရက်နေ့တို့တွင် ဘုရားလာရောက်ဖူးမြှော်ကြသည့် ဘုရားဖူးပြည်သူ (၃၀၀၀)ဦးခန့်အား ဘုရားပေါ်သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18043
Page
18044
Page
18045
Page
18046
Current page
18047
Page
18048
Page
18049
Page
18050
Page
18051
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department