Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့သောင်းမြို့နယ်တွင် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်နိုင်ရန် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ်အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်၌ပထမကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ အမျိုးသမီးမငယ်(၇၉)ဦးကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်၌ ရှင်အပါး ၁၅၀ ရှင်ပြုအလှူမင်္ဂလာပွဲကျင်းပ
May 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နားပေါ်အုပ်စု၊ ဝမ်ကောင်းကျေးရွာ၊ နားပေါ် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တကေသဝ(သဒ္ဓမ္မဇောတိကဓဇ) ဦးဆောင်၍ အလှူရှင်များမှ လှူဒါန်းမှုပြုသော ဗုဒ္ဓဘာသာ အဆုံးအမခံယူပွဲနှင့် ရှင်အပါး ၁၅၀ ရှင်ပြု အလှူမင်္ဂလာပွဲ အခမ်းအနားကို ယမန်နေ့က ဝမ်ကောင်းကျေးရွာ၊ နားပေါ်ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ မိုးနေကြာမျိုးစေ့ထုတ်စံပြကွက်နှင့် မျိုးသန့်ပွားစံပြကွက် (၄၁) ဧက စိုက်ပျိုး
May 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရန်၊ တောင်သူများ ဝင်ငွေတိုးတက်ပြီး မျိုးကောင်းမျိုးသန့်များ ရရှိစေရန်အတွက် မိုးနေကြာ မျိုးစေ့ထုတ်စံပြကွက်နှင့် မျိုးသန့်ပွားစံပြကွက် (၄၁)ဧက စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ဆောင်ရွက်
May 23,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ မြေပြင်၌ အမှန်တကယ် ရှင်သန်လျက်ရှိသော ကျေးရွာစာကြည်တိုက်များအား စာဖတ်သူ၊ စာငှားသူတိုးပွားရေးနှင့် စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးနှင့် ဝန်ထမ်းများက ယမန်နေ့နေ့လည်ပိုင်းက မယ်ကရိုကျေးရွာရှိ (မြတ်စွယ်တော်) စာကြည့်တိုက်သို့ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြား ပြည်သူ (၈၀) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ပြည်သူ (၁၂၁)ဦးအား ဒုတိယအကြိမ် ထိုးနှံပေး
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက် / ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက ရွှေကျောင်းမြောက်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာရှိ သမိုင်းဝင်ရွှေမြင်တင်ဘုရားအနောက်မုခ်၌ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
May 23,2022
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မေလ ၂၃ ရက်နံနက် ၇ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန် စနစ်တကျ ထုတ်ပေး
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18038
Page
18039
Page
18040
Page
18041
Current page
18042
Page
18043
Page
18044
Page
18045
Page
18046
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department