Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကန်ကြီးထောင့် မြို့အထက (၁) ၌ အပတ်စဉ် မိုဘိုင်းစာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များ သွားရောက် ငှားရမ်း
Nov 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပညာရေးဌာနနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော အနာဂတ်ကြယ်ပွင့် ကလေးငယ်များ ဘ၀အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများ အရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် (Mobile Library) အား ယမန်နေ့ နေ့လည်အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သုတ၊ ရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ဒေသထွက်ဝါများ စျေးကောင်းရရှိလျက်ရှိကြောင်းသိရ
Nov 05,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဒေခံတောင်သူများအနေဖြင့် ယမန်နှစ်ကဝါမျိုးစုံ ဧက(၂၂၄၁၇)စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဝါမျိုးစုံဧက(၂၂၈၄၆) ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါ ဝါများကောက်ယူရရှိပြီး ရောင်းချလျက်ရှိရာ စျေးကောင်းရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်၊ မီးဘေးသင့်ပြည်သူ အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Nov 05,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် (၈၆၇)ရှိ ကန်ရွာဗလီတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ မီးဘေးသင့်ပြည်သူ အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ၁၄:၃၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်၏ အကြိမ် ၃၀ ပြည့်မီးကြာ ၅ဝဝဝ လွှတ်မျှောပူဇော်ပွဲကျင်းပမည်
Nov 05,2022
မိတ္ထီလာမြို့ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်၏ အကြိမ် ၃ဝ ပြည့်မီးကြာ ၅ဝဝဝ လွှတ်မျှောပူဇော်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ နှစ်ရက်တိုင်ကျင်းပမည်ဖြစ်ကြောင်း အဆိုပါစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် မူကြိုကလေးများအား အာဟာရဒါနကျွေးမွေး
Nov 05,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ နေ့လယ် ၂ နာရီအချိန် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် မူကြိုကလေးများအား အာဟာရဒါန ကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်ပတ်သက်သည့် မိဘပြည်သူများသို့ အသိပေးချက်အသိပညာပေး Talk Show…
Nov 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့မှပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်သည့် မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သ…
Nov 05,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ နှစ်စဉ် ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ စုပေါင်းမဟာဘုံကထိန်ပွဲသို့ တက်ရောက်၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ မြို့နယ်လုံးကျွတ် စုပေါင်း မဟာဘုံကထိန် အခမ်းအနား ကျင်းပ
Nov 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဆန်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ မြို့နယ်လုံးကျွတ် စုပေါင်း မဟာဘုံကထိန် အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်ရှိ အလုံပရိယတ္တိ စာသင်တိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18041
Page
18042
Page
18043
Page
18044
Current page
18045
Page
18046
Page
18047
Page
18048
Page
18049
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department