Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထန်းတပင်မြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက် ပိုစတာစိုက်ထူခြင်း အခမ်းအနား ကျင်းပ
May 23,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ စိုက်ထူခြင်းကို အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီးပြည်နယ်ဥပဒေချုပ်များ/ဥပဒေ အရာရှိများ လုပ်ငန်းညှိနှိုင်အစည်ဝေး၏ လမ်းညွှန်ချက်များ ထပ်ဆင်…
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းဝေးခန်းမတွင် ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီးပြည်နယ် ဥပဒေချုပ်များ/ဥပဒေအရာရှိများလုပ်ငန်း ညှိနှိုင်းအစည်းအဝေး၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
May 23,2022
မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၊ သီဟရာဇာကုန်း၌ ခရိုင် သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပဿာဒအကျိုးများ ရရှိရေးတို့ကို ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကိုယမန်နေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေး
May 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covidshield ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့ ရပ်ကွက်များအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ လိုက်လံဆောင်ရွက်
May 23,2022
မိုးဦးကာလ ခြင်ပေါက်ပွားမှုများသောရာသီ ရောက်လာသည်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ ရပ်ကွက်များ အတွင်း၌ မေလ ၂၁ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက် တနင်းဖလုံလမ်းမကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းစတင်ဆောင်ရွက်
May 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့်ဒေသနေပြည်သူများသွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေကျပ်(၉.၇၃၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံလမ်းမတွင် ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၊ မင်းကန်ကျေးရွာ၌ မိုးရေခံ ကွန်ကရစ်ကန် ဂါလံ(၂၀၀)ဆံ့ အလုံး(၁၀၀) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
May 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သောက်ရေရှားပါးသော ကျေးရွာများအား သန့်ရှင်းသောသောက်ရေ သိုလှောင်နိုင်စေရန်ရည်ရွယ်၍ စစ္စေးချောင်းကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာတွင်ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် ၁၀၀ လုံးဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့က မင်းကန်ကျေး ရွာ၊အ.လ.ကကျောင်းတွင် အဆိုပါကွန်ကရစ်ကန်များအား ကျေးရွာသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ ၃ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18041
Page
18042
Page
18043
Page
18044
Current page
18045
Page
18046
Page
18047
Page
18048
Page
18049
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department