အမြို့မြို့အနယ်နယ်သတင်းများ

May 23,2022
မိုးရာသီလယ်ယာလုပ်ငန်းခွင် စတင်တော့မည်ဖြစ်ရာ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား အတိုးနှုန်းသက်သာစွာဖြင့် မေလ ၁၆ ရက်မှစတင်ကာ တောင်သူ လယ်သမား များ လက်ဝယ်အရောက် စတင်ထုတ်ချေးလျက်ရှိပြီး မေလ ၂၃ ရက်နေ့တွင်လည်း ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
May 23,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုများ ပိုမိုထိရောက်မှုရှိစေရန် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ၏ လုပ်အားဖြင့် ရောဂါထိန်းချုပ်ကုသပေးနိုင်ရေး (CHAW) သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ် မွေး/ကု ဦးစီးဌာနရုံးတွင် ကျင်းပသည်။
May 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုစေရန်၊ သဘာဝတောများ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန်၊ ဒေသတွင်းစိမ်း လန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ဖောင်းပြင်မြို့မှ ဟုမ္မလင်းမြို့သို့သွားရာ ကားလမ်းနံဘေး မြေပုံအညွှန်း 46R- 861855 ၌ ယမန်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 23,2022
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
May 23,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကွင်းအမှတ်-၁၉၀ တောင်သူ ဦးစိုးဝင်း၏ လယ်မြေတွင် မြေဆီလွှာထိန်းသိမ်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် (Green Menure) ကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်၌ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာသည့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာပေအကျိုးကျေးဇူးများသိရှိ စေရန်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 23,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့   အသက်(၄၀) အထက် ပြည်သူများအား တတိယအကြိမ် Booster အပိုဆောင်းကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းတွင်  ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။