Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အခြေခံပညာ အထက်တန်းအဆင့် Grade -11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ
May 22,2022
နိုင်ငံ၏အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာတွင် အခြေခံပညာရေးမှာ လွန်စွာအရေးကြီးရာ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများလာမည့် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့တွင် မိုးရာသီအကြို စိမ်းလန်းစိုပြည်ရေး စုပေါင်း သစ်ပင်စိုက်ပွဲကျင်းပ
May 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် သစ်တောဦးစီးဌာနမှ ပတ်ဝန်ထိန်းသိမ်းကာ ကွယ်ရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်ကျင် စိမ်းလန်းစိုပြေနိုင်စေရေးတို့ အတွက် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့ နံနက် ၇ နာရီ အချိန်က သိန္နီမြို့ အမှတ်(၁)၊ အခြေခံပညာအထက်ကျောင်းတွင် စုပေါင်းစိုက်ပျိုးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် Grade -11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အခြေခံပညာတတ်မြောက်မှု အဆင့်မြင့်မားစေရန် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာမူလတန်းအဆင့်မှစတင်၍ သင်ရိုးသစ်များ ပြောင်းလဲ သင်ကြားနိုင်ရေးအတွက် သင်တန်းများအဆင့်ဆင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်းအဆင့် အခြေခံပညာသင်ရိုးသစ် Grade- 11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေ၂၁ရရက်နံနက် ၈ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်
May 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် Grade-11 အဆင့် ဆင့်ပွားသင်တန်း စတင်ဖွင့်လှစ်
May 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက်(၀၉:၀၀)နာရီ အချိန်က စတင်၍ Grade-11 အဆင့် ဆင့်ပွားသင်တန်းစတင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18040
Page
18041
Page
18042
Page
18043
Current page
18044
Page
18045
Page
18046
Page
18047
Page
18048
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department