Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ထွက်ခွာ
Nov 07,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမား(၄၅)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်နေ့၌ မဟာမြတ်မုနိဘုရားကြီးတွင် ဘုရားဖူးပြည်သူများဖြင့်အထူးစည်ကား
Nov 07,2022
တန်ဆောင်တိုင်ပွဲတော်ဖြစ်သည့် အများပြည်သူအလုပ်ပိတ်ရက်များအတွင်း ဘုရား၊ စေတီ၊ ပုထိုးများနှင့် အထင်ကရနေရာများ၌ ဘုရားဖူးသူ၊ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများ၊ အပန်းဖြေအနားယူသူများ၊ ခရီးသွားလာလည်ပတ်ကြသူပြည်သူများဖြင့် အေးချမ်းသာယာပြီး အထူးစည်ကားလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့တွင် (၆၀)နှစ်မြောက် တန်ဆောင်တိုင်ဆွမ်းတော်ကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် သမိုင်းဝင်အရှေ့မဟာဗုဒ္ဓဘုရားကြီး စေတီတော်ရင်ပြင်တွင် (၆၀)နှစ်မြောက် တန်ဆောင်တိုင်ဆွမ်းတော်ကြီးလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နေ့ ယနေ့နံနက် ၈ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ တန်ဆောင်မုန်းလပြည့်နေတွင် ဘုရားဖူးဧည့်သည်များဖြင့်စည်ကား
Nov 07,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့် (၃၈၈၀) ပေတည်ရှိပြီး၊ ဓနုလူမျိုးအများစုနေထိုင်ကြကာ ရှမ်း၊ ကရင်၊ မွန်၊ ပအိုဝ်း၊ ပလောင်၊ ဗမာ စသည်တို့နေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြ၍၊ အခြားဘာသာကို ကိုးကွယ်ယုံကြည်ကြသူများလည်းရှိကြပြီး၊ အဆိုပါဒေသတွင် နေထိုင်ကြသူအများစုမှာ စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်း ပြုကြသည်။ ပင်းတယမြို့နယ်သည် ရှေးဟောင်းဘုရားစေတီ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ထွန်းကားရာဒေသဖြစ်ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစား လာရောက်လှည်ပတ်သည့်မြို့ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မကွေးမြို့ မြသလွန်ဘုရားကွင်း၌ တန်ဆောင်မုန်း လပြည့်နေ့တွင် သီလရှင်အပါး (၅၀၀) နှင့် အခြေခံလူတန်းစား အိမ်ထောင်…
Nov 07,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မကွေးမြို့ သီလရှင်ကျောင်းများရှိ သီလရှင်အပါး (၅၀၀) နှင့် အခြေခံလူတန်းစားအိမ်ထောင်စု (၄၅၀၀) ခန့်အား ဆန်ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီအချိန် က မြသလွန်ဘုရားကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင် များနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ဌာနဆိုင်ရာများနှင့်အလှူရှင်များစုပေါင်း၍မဟာဘုံကထိန်အလှူတော်ပွဲကျင်းပ
Nov 07,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ပူတာအိုမြို့ မြို့မရပ်ကွက် တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ဒုတိယအကြိမ်မြောက် ပဌာန်းရွတ်ဖတ်အောင်ပွဲ အခမ်းအနားကျင်းပ
Nov 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂန္တဝင်ကိုးခမ်းသိမ်တော်ကြီးတွင် ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ်မြောက် ပဌာန်းရွတ်ဖတ်အောင်ပွဲ အခမ်းအနားကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်လုံးဆိုင်ရာ (၃၆) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ
Nov 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုနှစ် (၃၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ယမန်နေ့ ညနေ(၄)နာရီမှ စတင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18001
Page
18002
Page
18003
Page
18004
Current page
18005
Page
18006
Page
18007
Page
18008
Page
18009
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department