အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြ သည်။
Nov 07,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများက (၃၄)ကြိမ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန်က မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ ဧရာဝတီမြစ် ဖိုးရှိုးဆိမ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် အစဉ်အလာမပျက်နှစ်စဉ် ကျင်းပပြုလုပ်သော (၇၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်အလှူတော်များ ယမန်နေ့ညနေ(၃)နာရီက လှည့်လည်ပူဇော်ခံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်ပါလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Nov 07,2022
တန်ဆောင်မုန်းလပြည့်နေ့အခါသမယ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
Nov 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ နှစ်စဉ် ကျင်းပ မြဲဖြစ်သည့်  (၇၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်တစ်လုံးတောရကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
Nov 07,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ဝါလကင်းလွတ် သီတင်းကျွတ်မီးထွန်းပွဲတော်အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ နံနက်အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့်အခါ ကြီးရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါနစတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများတွင် ဧည့်ခံ ကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြသည်။
Nov 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၏ စတုတ္ထအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီ၊ ဆင်းရွှေလီကဇာတ်ရုံ၌ ယမန်နေ့ ညနေ(၆)နာရီ အချိန်က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
Nov 07,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၃၁)ကြိမ်​မြောက် မြို့နယ်လုံး ဆိုင်ရာ စု​ပေါင်းမဟာဘုံကထိန် ပ​ဒေသာပင်များ စီတန်းလှည့်လည်ခြင်းကို ယမန့်နေ့ မွန်းလွဲ ၂နာရီက ပြည်​ထောင်စုလမ်းမကြီးတစ်​လျှောက်​ ​မော်​တော်ယာဉ်များဖြင့် စီတန်းလှည့်လည်ခဲ့​ကြောင်း သိရသည်။