အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2022
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်နှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်တန်းသာသနာပြု ကျောင်းတွင် ကျင်းပခဲ့သည်။
Nov 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီး (၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီက ကျိုက်တမော့လဲ့စေတီတော်ရင်ပြင်၌ကျင်းပရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မောင်ငံမြစေတီကျောင်း စာသင်တိုက်ဦးစီးပဓန၊ နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တဝိဗလဗုဒ္ဓိ အမှူးပြုသော ဆရာတော်သံဃာတော်များ မွန်ပြည်နယ်၊ ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့်ဇနီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပြည်သူများတက်ရောက်ကြသည်။
Nov 07,2022
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ/တပ်ဖွဲ့နှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)အဆင့်သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ကျင်းပလျက်ရှိသည်။
Nov 07,2022
နှစ်စဉ်ရိုးရာမပျက် ပြုလုပ်ကျင်းပမြဲဖြစ်သော ကျိုက်မရောမြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ အကြိမ် (၂၀) မြောက် မြတ် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို ယမန်နေ့ညနေ ၆ နာရီက ဘုရားကြီးဝင်းရှိ ရက်ကန်းစင်မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 07,2022
သာမညဖလ အခါတော်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) တွင် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဓမ္မစရိယ နိကာယကျောင်းတိုက် ပရိဝုဏ်အတွင်း ဓမ္မဗိမာန်တော် ပန္နက်တော်တင်၊ အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
Nov 07,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက်အတွင်း ရပ်နီးရပ်ဝေးအလှူရှင်များစုပေါင်း၍ သံဃိကအဖြစ် ရည်စူးလှူဒါန်းသည့် တိပိဋသန္တာဝါသ “ဉာဏ်ဝေယံ” ကျောင်းဆောင်ကျောင်းလွတ်ပူဇော်ပွဲကို ယနေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Nov 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ယနေ့တန်ဆောင်မုန်းလ ပြည့်နေ့တွင် နံနက်ပိုင်းမှစတင်၍ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Nov 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက်အတွင်းရှိ သမိုင်းဝင်အရှေ့မဟာဗုဒ္ဓဘုရားကြီးစေတီတော်တွင် နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိသည်။