Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်ဦးလွင်မြို့တွင် (၂၂)ကြိမ်မြောက် မသိုးသင်္ကန်းရက်ကန်းခတ်ပူဇော်
Nov 07,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ - ဆုတောင်းပြည့်ဘုရားကြီးအား( ၁၃၈၄ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်နေ့) ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန်၌ မသိုးသင်္ကန်းရက်ကန်းခတ်ကပ်လှူပူဇော်ခြင်း၊ နံနက် ၅ နာရီတွင် သံဃာတော်အရှင်သူမြတ်တို့မှ ဘုရားကြီးအား အနေကဇာတင်ခြင်း ၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုများကပ်လှူပူဇော်ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့အား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ရွေသင်္ကန်းအနားကွပ်တော် ရတနာမြတ်ကပ်လှူပူဇော်
Nov 07,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ရွှေသင်္ကန်းကွပ်တော်ရတနာမြတ် ကပ်လှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက် နာရီအချိန်က မြတ်ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော် ခန်းမဆောင်ကြီး၌ ဆင်ယင်ကျင်းပ ပြုလုပ်ရာ ကျိုက္ခမီမြို့ သြဝါဒစရိယ ဆရာတော်ကြီးများ၊ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြတ်ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ
Nov 07,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သမိုင်းဝင် မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း (၁၄) ရက် မှစ၍ မြို့မပရိယတ္တိစာသင်တိုက်၊ လောကမာရဇိန် သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့ရှိဘုရား၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကောင်းမှုကုသိုလ်ပြုဘုရားဖူးသူများနှင့် လာရောက်လည်ပတ်ကြသူများဖြင့်စည်ကား…
Nov 07,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ကောင်းမှုကုသိုလ်ပြုသူများနှင့် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့တွင် အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင်မှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာရေးကျောင်းများနှင့် ရပ်ဝေးရပ်နီးမှအလှူရှင်များစုပေါင်းပြီး အကြိမ်(၂၀)မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၊ ဝမ်ကျိုင်းကျေးရွာရှိ ဝပ်ဇလီကြွမ်းခမ်းစေတီတော်မြတ်ကြီး ရွှေထီးတော်တင်အလှူမင်္ဂလာပွဲကျင်းပ
Nov 07,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာ၏အနောက်ဘက် ဆရာတော်အရှင်ခန္တိကော သီတင်းသုံးတော်မူသည့် ဝပ်ဇလီကြွမ်းခမ်းကျောင်းရှိ ဝပ်ဇလီကြွမ်းခမ်းစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်အလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်တွင် မြို့သူမြို့သားများက စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့မိမြို့ဖများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဒေသခံလုပ်ငန်းရှင်များနှင့် စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းဘုံကထိန်ပွဲတော်ကို အမှတ် (၇) ရပ်ကွက်၊ သရက်တောကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18000
Page
18001
Page
18002
Page
18003
Current page
18004
Page
18005
Page
18006
Page
18007
Page
18008
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department