အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၇ ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးနှင့် သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီးတို့တွင် ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ် လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈)နာရီ အချိန်က ဖျာပုံမြို့
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ပြည်ထဲရေးဝန်ကြီးဋ္ဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)ကြိမ်မြောက် ဌာနနှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှုး၍ မြို့နယ်လုံးဆိုင်ရာ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ် အလှူတော်မင်္ဂလာပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ရွာသစ်ရပ်ကွက် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ကျင်းပခဲ့ကြောင်းသိရသည်။
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၏ (၃၃)ကြိမ် မြောက်စုပေါင်းမဟာဘုံက ထိန်လျာသင်္ကန်းဆက်ကပ်အလှုတော်မင်္ဂလာပွဲကို ယနေ့နံနက် (၉:၃၀)အချိန်က မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက် တာဝတိံသာဘုရား ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များ၌ မြန်မာရိုးရာ ဘာသာ၊ သာသနာ ယဥ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သော စုပေါင်း မဟာဘုံကထိန် အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
Nov 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့တွင် (၂၁)ကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များ စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၇ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 08,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော် အား နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ ဟိုပန် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကွင်းရှိ မြင်းပျံတောင်ကဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။