အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ (၃၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယနေ့မွန်းလွှဲ(၂)နာရီအချိန်က စုရပ်ဖြစ်သောမြို့ လယ်ပန်းခြံရှိလွတ်လပ်ရေးကျောက်တိုင်ကွင်းမှ တစ်ဆင့်ကျော်စိုးမိုးလမ်း၊ မင်းရန်အောင်လမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။
Nov 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ထယ်ရေးမလိုသော မျိုးစေ့ချကရိယာ အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲကို စက်မှုလယ်ယာဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ဆုတောင်းပြည့်ကျေးရွာအုပ်စု တောကြီးကျေးရွာ တောင်သူဦးကျော်အေးငြိမ်း၏ ကွင်းအမှတ် ၅၈၃၊ ဦးပိုင်အမှတ် ၃၄/ ၁ ရှိ လယ်ယာမြေ (၃) ဧကတွင် ပြုလုပ်ခဲ့သည်။
Nov 06,2022
နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တောင်ကြီးမြို့ ပြည်နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ(၆)ရက် နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။
Nov 06,2022
၂၀၂၂ ခုနှစ်၊ (၁၆) ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့တွင် ပွဲကျင်းပရာ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား) အနီးအရှိ မီးပုံးပျံကွင်းအတွင်း၌ နေ့အရုပ်လှ မီးပုံးပျံ ၁၁ လုံး ဝင်ရောက်ယှဉ်ပြိုင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Nov 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော်ကို ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လမ်းများတွင် ဆွမ်းလုံးချပဒေသာပင်များကို အသင်းအဖွဲ့အလိုက် လှည့်လည်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
Nov 06,2022
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အတွင်း ကျေးဇူးရှင်မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ ဩဝါဒလမ်းညွှန်မှုဖြင့် အသစ်ပြန်လည်ပြုပြင်ကိုးကွယ်သည့် ရွှေတောင်ဦးစုမ့်မိန်း ဓမ္မစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မျက်နားတော်၊ ရွှေထီးတော်နှင့် အရန်ထီးတော်များ ဒသခံတိုင်းရင်းသားပြည်သူများ ဖူးမြှော်ကြည်ညို သဒ္ဒါပွားများနိုင်စေရန်အတွက် မြို့အတွင်း လှည့်လည်အပူဇော်ခံကြွချီခြင်းကို နိုဝင်ဘာ(၅)ရက် မွန်းလွဲ (၂) နာရီက ပြုလုပ်ခဲ့သည်။
Nov 06,2022
၂၀၂၂ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မကွေးမြို့ ဖန်ခါးမြေဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါက်သီးရိုက်အားကစား ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Nov 06,2022
မြိတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (ဒွါဒသမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ(၆)ရက် နံနက်(၉) နာရီခွဲက မြိတ်မြို့ မြို့ကျက်သ‌ရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တော်၌ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ကျင်းပခဲ့သည်။