သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကား

သံဖြူဇရပ် နိုဝင်ဘာ ၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ယနေ့တန်ဆောင်မုန်းလ ပြည့်နေ့တွင် နံနက်ပိုင်းမှစတင်၍ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထိုသို့ဘုရားဖူးလာ ပြည်သူများမှတန်ဆောင်တိုင်ပွဲတော်ကာလ ရုံးပိတ်ရက် ကျောင်းပိတ် ရက်များဖြစ် ၍ကျိုက္ခမီမြို့ ရေလည်ဆံတော်ရှင်မြတ်ဘုရားကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့်အထူးစည်ကားလျှက်ရှိပြီး ဘုရားဖူးလာပြည်သူများမှ စိတ်အေးချမ်းစွာဖြင့် ဖူးမျှော်လျက်ရှိကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)