အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ တန်ဆောင်မုန်းလပြည်နေ့ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများတွင် ဘုရားဖူးလာရောက်သူများ၊ ကုသိုလ်ဒါနပြုသူများ စတုဒီသာကျွေးမွေးခြင်း၊ နိဗ္မာန်စျေးများပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Nov 08,2022
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)ကို ယမန်နေ့နံနက် ၆ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများက ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ အမွှေးနံ့သာများဖြင့် စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးကပ်လှူပူဇော်ကြသည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမှတ်(၅)ရပ်ကွက် ရွှေဘုန်းတောက်နေပူခံဘုရား ဗုဒ္ဓတစ်ထောင် ကံ့ကော်တစ်ထောင်တွင် ပူဇော်ထားရှိမည့် ဆင်းတုတော် ၅၀၀ ဆူအား အနေကဇာတင်မင်္ဂလာကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဘုရားရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့(နေ့ထူးနေ့မြတ်) အခါသမယမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဘုရားစေတီပုထိုးများတွင် ဆီမီထွန်းညှိကြသူများနှင့် စတုဒီတာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Nov 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံသရာအေးစေတီတော်မြတ်ကြီး၏ ၂၉ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ စေတီတော်မြတ်ကြီး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2022
မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင်လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
Nov 08,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့ယမန်နေ့ ညနေပိုင်းမှစ၍ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများ၊ ရပ်ကွက်အလိုက်စတုဒိသာ ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
Nov 08,2022
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာကျွေးမွေးလှူဒါန်းသူများ၊ လာရောက်သုံးဆောင်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။