တန်ဆောင်မုန်းလပြည့်နေ့ နေပြည်တော် အထင်ကရဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား

နေပြည်တော် နိုဝင်ဘာ ၈

၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၇ ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးနှင့် သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီးတို့တွင် ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့က တပ်ကုန်းမြို့ကနေ လာရောက်တာဖြစ်ပါတယ်၊ နေပြည်တော်အထင်ကရနေရာတွေကို လည်ပတ်ရင်းနဲ့ဘုရားတွေကို မောင်နှမမိသားစုဝင်တွေနဲ့အတူ လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်၊ ယခင်က ကိုဗစ်-၁၉ ရောဂါတွေနဲ့ဆိုတော့ မလာဖြစ်ခဲ့ကြဘူး၊ အခုတော့ မောင်နှမမိသားစုဝင်တွေနဲ့အတူ ကျွန်မရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ် ဘုရားတွေမှာ ပန်းနှင့်ရေကြမ်းဆက်ကပ်လှူဒါန်းပြီး  ဘုရားဖူးရတာဝမ်းသာပီတိဖြစ်ရပါတယ်” ဟု တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်မှ ဘုရားဖူးလာရောက်သူ မစောန္ဒာဝင်းက ပြောပြသည်။

တင်စိုးလွင်