အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2022
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင် ရေဦးမြို့တွင်  ဌာနဆိုင်ရာများစုပေါင်း၍  ယမန်နေ့နေ့လယ် ၂ နာရီက ဝါဆိုသံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ်လှုဒါန်းခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ဆက်ကပ်လှုဒါန်းမှု ပြုလုပ်ခဲ့သည်။
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင်  ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ယနေ့နံနက် ၁၀ နာရီက အထက်ကဇင်းတောကျေးရွာရှိ လူနေအိမ် (၇)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။
Jul 12,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါ‌တော်နေ့)၌ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ဆံတော်ရှင် ဆူးလေစေတီတော် ဘုရားရင်ပြင်တော်ပေါ်တွင် ယနေ့နံနက် ၇ နာရီက ဝါဆိုရွှေကြာသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Jul 12,2022
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက် ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာအခါတော်နေ့)တွင် မော်လမြိုင် မြို့ရှိ သမိုင်းဝင် စေတီ ပုထိုး များတွင် အနယ်နယ် အရပ် ရပ် မှ ဘုရားဖူးလာ ပြည်သူ များဖြင့် စည်ကားလျှက် ရှိကြောင်း သိရသည်။
Jul 12,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့၊ ဓမ္မစကြာ အခါတော်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာ အုပ်စုအတွင်းရှိ ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရား၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
Jul 12,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊  ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၁၀ နာရီက အသက်(၁၈)နှစ် အထက်ပြည်သူများနှင့်နိုင်င့ံဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့သည်။
Jul 12,2022
ယနေ့ (၂၀၂၂-ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့)တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင်ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာ သင်္ကန်း ဆက်ကပ်လှူဒါန်းကြသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ် လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။ (ပုံ-ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဘုရားဖူးလာပြည်သူများဖြင့် အထူး ပင်စည်ကားနေစဉ်)“ဝါဆိုလပြည့်နေ့ဟာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက် တစ်ခြားသော နေ့ထူးနေ့မြတ်တွေထက် ပိုပြီး ထူးခြားလှတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်ကို ရတော်မူပြီး ပဉ္စဝဂ္ဂီငါးဦးအား ပထမဆုံး ဓမ္မစကြာတရားဦးဟောကြားတဲ့ နေ့တစ်နေ့ ဖြစ်လို့ပါပဲ။ အဲဒါကြောင့် ဒီနေ့လို ထူးခြား လှတဲ့ ဝါဆိုလပြည့်နေ့မှာ အလုပ်ကလည်း ပိတ်ထားတော့ ဘုရားမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ် ရင်း ဒီတစ်နေ့တာကို ဖြတ်သန်းချင်ပါတယ် ” ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ရွှေတိဂုံ စေတီ တော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ယူသူတစ်ဦးက ဆိုသည်။