Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝေါမြို့ရှိ ကျက်သရေဆောင် မြသာလျောင်း လျောင်းတော်မှုမြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား
Jul 13,2022
ဝါဆိုလပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ကျက်သရေဆောင် စေတီတော်မြတ်ကြီးတွင် ယမန်နေ့ နံနက်ပိုင်း၌ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် ဝါဆိုလပြည့်နေ့၌ ဘုရားဖူးမြော်သူများပြား
Jul 13,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် ဝါဆိုလပြည့်(ဓမ္မစကြာနေ့)၌ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုကြသူ များပြားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲပြိုမှုဖြစ်ပွား
Jul 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၂၂)ရပ်ကွက် သရဖီလမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်သောကြောင့် သစ်ပင်လဲပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး
Jul 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ထားသော စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဝါဆိုလပြည့်နေ့ သန်လျင်မြို့ကျိုက်ခေါက်စေတီတော်တွင် ဘုရားဖူးများဖြင့်စည်ကား
Jul 12,2022
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီ တော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများက စေတီတော်ရင်ပြင်ရှိ အာရုံခံတန်ဆောင်းလေးသွယ်တို့တွင်ပန်း၊ရေချမ်း၊ဆီမီး ဆက်ကပ်လှူဒါန်းသူများ တရားဘာဝနာ အားထုတ်သူများဖြင့်စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မဟာလော ကမာရဇိန်ကုသိုလ်တော်ဘုရားစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊စိန်ဖူးတော်နှင့်ငှက်မြတ် နားတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေက…
Jul 12,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၀× ၁၂လမ်းကြားရှိ မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားဝန်းအတွင်းယနေ့နံနက် (၈)နာရီက မန္တလေးရတနာ ပုံမြို့တည်၊ နန်းတည်ပဉ္စမသင်္ဂါ ယနာတင်ဘဝရှင်မင်းတုန်းမင်းတရားကြီးတည်ထားတော်မူခဲ့ သောမဟာလောကမာရဇိန်ကုသိုလ်တော် ဘုရားစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင်မဟာမင်္ဂလာအခမ်း အနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့၌ ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင်ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဝါတွင်းကာလ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့အခါသမယ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကား
Jul 12,2022
ဝါဆိုလပြည့်နေ့အခါသမယ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာ ကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားဖူး လာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် ငါးကန် အတွင်း ငါးစာကျွေးမွေးကြသူများဖြင့် စည်းကားလျက်ရှိနေကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော် ရာဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17958
Page
17959
Page
17960
Page
17961
Current page
17962
Page
17963
Page
17964
Page
17965
Page
17966
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department