အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက အလျား(၁၂)ပေ ၊ အနံ(၆)ပေရှိ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားအနီးတွင်စိုက်ထူကြရာ အခမ်းအနားသို့ တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်စိုးနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။
Nov 08,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခွဲက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြသရဖူ ခန်းမဆောင်၌ ကျင်းပသည်။
Nov 08,2022
​မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူး ကံသာဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏ (၁၆)ကြိမ်မြောက် တန်ဆောင်တိုင် ပွဲတော်တွင် တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ ညပိုင်းတွင် ညမီးပုံးပျံများ ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
Nov 08,2022
(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအလှူတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ မွန်းတည့် ၁၂ နာရီအချိန်အထိ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေမြင်တင်ဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
Nov 08,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ ကျောင်းလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအရည် အသွေး မြင့်မားလာစေရန်အတွက် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Nov 08,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ဆိုင်ရာ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်မြေစိုက်ပိုစတာများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများနှင့်ဌာနဆိုင်ရာရုံးများတွင် လိုက်လံစိုက်ထူကြသည်။