အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ​​ရွှေဘိုခရိုင်​ ရွှေဘိုမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီချိန်က ​ရွှေဘိုစက်မှုဇုန် စီမံခန့်ခွဲ​ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့​ ရွှေဘိုခရိုင် စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ၊​ ရွှေဘိုခရိုင် စက်မှုဇုန်ကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များခရိုင်အဆင့် ဌာနဆိုင်ရာများ၊​ရွှေဘို စက်မှုဇုန် စီမံခန့်ခွဲရေး​ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဖလား အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို၊ ယမန်နေ့ မွန်းလွဲ(၂) နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အ​ခြေခံပညာမူလတန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖူဆယ်​ဘောလုံးကွင်းတွင် ယနေ့ နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာ၌ တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် မျိုးစေ့ချ ကိရိယာ(drum seeder)ဖြင့် ဆောင်ရွက်ခဲ့သော တောင်သူဦးလင်း၏ ဗျော့ထွန်းစပါးမျိုး စံပြစိုက်ခင်း၌  ခရိုင်အဆင့်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပရာ တစ်ဧကလျှင် စပါးအစိုတင်း ၁၂၈ တင်းထွက်ရှိကြောင်း သိရသည်။