အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာအုပ်စု၊ ကုလားရောင် ကျေးရွာ၏ တောင်ဘက် မြစ်ကမ်းဘေးရှိ နေအိမ်ငါးလုံးမှာ ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲအချိန်က ကုလားရောင်မြစ်မှ ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်သဖြင့် နေအိမ်များကို ကြိုတင်ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
Jul 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ပုညသုခ)ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကိုရင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jul 15,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ထည့်သွင်းနိုင်ရေးကို Online ဖြင့် သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အောင်လံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
Jul 15,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ကျေးရွာ (၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လျာထားကျေးရွာများအနက် အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ အိုးထိမ်းကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jul 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန့်နေ့ နေ့လယ်ပိုင်းက ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
Jul 15,2022
​ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ​ရွှေဘိုမြို့ အ.ထ.က(၁)တွင်ယနေ့  နံနက်၁၀နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Jul 15,2022
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။