အမြို့မြို့အနယ်နယ်သတင်းများ

Jul 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် မြန်မာစာစွမ်းရည်တိုးတက်မြင့်မားလာစေရေးအတွက် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတို့ကို ယနေ့ နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Jul 18,2022
မကွေးတိုင်းဒေသကြီး မင်ဘူးခရိုင် စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စလင်းမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုများ လျော့နည်းကျဆင်းစေရန် အပူဒဏ်ကာကွယ်ရေး သစ်တော သစ်ပင်များ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာကြစေရန်အတွက်
Jul 18,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ မူလတန်း(လွန်)(ကန်ဒူး)ကျောင်းတွင် စတင်ထိုးနှံပေးသည်။
Jul 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့်စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ သင်ခန်းစာပို့ချခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်
Jul 18,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် EID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) ထည့်သွင်းခြင်းလုပ်ငန်း ဆင့်ပွားသင်တန်းကိုယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Jul 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ကျောင်းဖူဆယ်ကွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးဦးစိန်ကျော်လှိုင်မှ ကျောင်းသား/သူလေးများ အား ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ပညာအရည်အသွေး မြင့်မားတိုးတက်မှု ရှိနေစေရန်၊ ကျောင်းကိုယ်စားပြု အားကစားအသင်းများဖွဲ့စည်းရန်နှင့် အားကစားဖြင့် ကျောင်းသားများ၏ မျိုးချစ်စိတ်ဓါတ်၊ နိုင်ငံချစ်စိတ်ဓါတ်များကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပေးခဲ့သည်။