အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2022
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ နတ်မောက်ရေလှောင်တမံဧရိယာများ၌ မိုးစပါးစိုက်ပျိုးရန် လျာထားဧက(၅၅၀)ဧကအတွက် စတင်ပျိုးထောင် စိုက်ပျိုးနိုင်ရန်  ယမန်နေ့ကစတင်၍ ရေပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး  ဦးစီးဌာန ဦးစီးမှူးဦးထိန်လင်းထံမှ သိရသည်။
Jul 16,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။
Jul 16,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းကျေးရွာများသို့ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ကျင်းပရာ ဧရာဝတီတိုင်းဒေကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်ရောက်၍ အမှာစကားပြောကြားရာ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေတဲ့နေရာမှာ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအကျ‌ဆုံး အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
Jul 16,2022
ပဲခူးတိုင်းဒေသကြီး‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး၏ လမ်းညွှန်ချက်အရ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန စီမံခန့်ခွဲမှုနှင့်အညီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျိုက်စကောအရှေ့ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးမြင့်ကြည်နှင့် တိရစ္ဆာန်မွေးမြူသူများ ပူးပေါင်း၍ ကျိုက်စကောအရှေ့ကျေးရွာ ဦးမောင်ကြည်၏ နွားခြံတွင် ယမန်နေ့နံနက်ပိုင်းက ပိုစတာများစိုက်ထူခြင်း၊ ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ခွာနာလျှာနာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Jul 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမတွင် ယမန်နေ့  နေ့လည်(၂:၀၀)အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 16,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေး ဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီအချိန် လက်စွပ်ကျကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 16,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို မီးသတ်ဦးစီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီ အချိန် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။