အမြို့မြို့အနယ်နယ်သတင်းများ

Jul 18,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် က‌ဗျာပြိုင်ပွဲကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။
Jul 18,2022
မလှိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ကျွဲ၊ နွား၊ ခွါနာ ၊ လျှာနာ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က မလှိုင်မြို့နယ်၊ လယ်ကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့အခြေခံပညာအထက်တန်း ကျောင်းတွင် (၇၅)နှစ်မြောက် အဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်၌ ကျင်းပသည်။
Jul 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jul 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အများပြည်သူအသိပညာဗဟုသုတ တိုးပွားစေရန်အတွက် နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းတစ်ရပ်ကို ယနေ့ မနက် ၁၀ နာရီက မိုင်းကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
Jul 18,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် သာသနာဟိတ ကာရီကျောင်းဆောင်အပေါ်ထပ်တွင် နှစ်စဉ်ကျင်းပသည့် ဝါတွင်း(၃)လ
Jul 18,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းနားမှူးသင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။