အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသားအလေးချိန် ပိဿာ၊ ကျပ်သား ဖော်ပြပါရှိမှု ရှိ၊မရှိကို ယမန်နေ့ နံက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 16,2022
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ထည့်သွင်းနိုင်ရေး သင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၁၀ နာရီက မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ပြုလုပ်ခဲ့သည်။
Jul 16,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည် းအဝေးကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ Royal Myanmar ဂေါက်ကွင်းအစပ် ဗေဗေ့မောင်ဆည်အတွင်းသို့ စီးဝင်သော လက်တံမြောင်း အတွင်းရှိ ရေထဲတွင် အမျိုးသား လူသေအလောင်း(၁)လောင်း တွေ့ရှိကြောင်း ယမန်နေ့ နေ့လယ် ၁၃:၁၀ အချိန်တွင် သတင်းရရှိသဖြင့် မြို့မရဲစခန်းအမှတ်(၁)မှ စခန်းမှူး ဒုရဲမှူးသိန်းဌေး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းလင်းတို့သည် သက်သေများဖြစ်သော သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း၊ ရာအိမ်မှူး ဦးမြအေးတို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Jul 16,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများက  စုရပ်နှစ်ခုခွဲ၍ ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
Jul 16,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သောကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၆/၂၀၂၂) အဆင့်မြင့် ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂/၂၀၂၂)နှင့် လက်တွေ့အသုံးချကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
Jul 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒွန်းနွဲ့၊ မိုင်းလွေ နှင့် ကော်ဆမ်မိန်းကျေးရွာရှိ ပြည်သူများအား ဘမန်နေ့က ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Doseကို သက်ဆိုင်ရာဆေးထိုးစုရပ်၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသည်။
Jul 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ​မြောင်းမြ​မြို့နယ် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က မြို့နယ်စည်ပင်သာယာ​ရေးရုံးခန်းမ၌ ကျင်းပခဲ့သည်။