Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ပြည်သူလူထုအသိပညာပေးပိုစတာများစိုက်ထူ
Jul 18,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အနေဖြင့် မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ ပြည်သူလူထုအသိပညာပေး ပိုစတာကို ယမန်နေ့နံနက် (၉)နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့တွင် မြို့နယ်ဦးစီးမှူး ဒေါက်တာခင်ခင်ပြည့်နှင့် ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးလုပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ စိုက်ထူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ရေလှောင်ကန်(၃)လုံး တည်ဆောက်ပြီးစီး၍ သောက်သုံးရေ ဖြန့်ဖြူးရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေ
Jul 18,2022
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် လိပ်သိုမြို့တွင်း ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော သောက်သုံးရေလှောင်ကန် (၃)လုံးအား တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်၍ ရေဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင် ကထက် ပိုမိုလွယ်ကူအဆင်ပြေ
အပြည့်အစုံ ဖတ်ရန်
ခါမ်းပါတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၂ခု နှစ်၊ ဇူလိုင်လ( ၁၇) ရက်နေ့၊ နေ့လည် ( ၁း၀၀)နာရီအချိန်က (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မဒေါ့ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲများ ကျင်းပ…
Jul 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲနှင့် ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှ၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ Database သို့ ထည့်သွင်းခြင်း စတင်ဆောင်ရွက်
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ Database သို့ ထည့်သွင်းခြင်းကို ယနေ့ နံနက် ၉ နာရီခွဲချိန်က စတင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး…
Jul 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ''ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီ အချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပပြုလုပ်
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ဇူလိုင် ၁၈ ရက်နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17827
Page
17828
Page
17829
Page
17830
Current page
17831
Page
17832
Page
17833
Page
17834
Page
17835
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department