အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်နှင့် နိုင်ငံတစ်ခု၏လွတ်လပ်ခြင်းသည် အမှုမဲ့ပြုလျှင် လွယ်ကူစွာဆုံးရှုံးသွားနိုင်ပြီး
Nov 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူး ကျင်းပသော Smile Place Guest House ဖလား အသက် (၁၄) နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်စန် အ-ထ-က ကျောင်း အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 11,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားအုပ်စု၊ ဇီးတောကျေးရွာ ကွင်းအမှတ်(၃၂၈) တံတားကွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ အကျိုးဆောင်သူ ဦးစိန်နိုင်၏ လယ်တွင် ယမန်နေ့ နံနက်(၉)နာရီက မိုးစပါးဆင်းသုခမျိုးသန့် စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုထွက်တင်း ၁၁၀ ထွက်ရှိ‌ကြောင်း သိရသည်။
Nov 11,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများ အဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှု မြင့်မားရေးအတွက် ယနေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးသည်။
Nov 11,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်း နေထိုင်လျက်ရှိသည့် မိဘပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းများအတွင်းနှင့် လူစည်ကားရာလမ်းဆုံများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 11,2022
အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)နှင့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇)အလတ်စားစက်ပြင်အလုပ်ရုံ(သထုံမြို့)တို့ ပူးပေါင်းဖွင့်လှစ်သည့် “လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်း(တောင်သူ)၊ ဂဟေဆက်သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။