Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိတ္ထီလာမြို့နယ် သရက်ပင် (အရှေ့) ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းခြင်း လုပ်ငန်းနှင့် ရေမြောင်းတူးဖော…
Nov 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗုဒ္ဓမြတ်စွယ်တော် (၁၃၃) ကြိမ်မြောက် မြို့တွင်းသို့လှည့်လည်အပူဇော်ခံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၁၃၃) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က သတ္တဌာနဘုရားဝန်းအတွင်းရှိ ဓမ္မာရုံတွင်ဆောင်ရွက်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘုရားကြီးဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင်ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိ…
Nov 14,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မကွေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်သင်ကြားပို့ချပေးမည့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ သင်တန်းသား/သူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်တွင် မြို့နယ်အဆင့်( ၀.၁၀ )ဧကအရွယ် မိုးစပါးစံကွက်ရိတ်သိမ်းကျင်းပ
Nov 14,2022
မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာအုပ်စု၊ ခအုန်းမော်ရွာသစ်ကျေးရွာ၌ တောင်သူ ဦးမောင်သိန်း၏ လယ်မြေတွင် ဆင်းသွယ်လတ်မျိုးစပါးအား (Rs to Cs) မျိုးစေ့ထုတ်နည်းပညာများအတိုင်း စိုက်ပျိုး ဆောင်ရွက်ထားသည့် မိုးစပါးစိုက်ခင်းတွင် မြို့နယ်အဆင့်မိုးစပါး (၀.၁၀) အရွယ်ကို ရိတ်သိမ်းခြွေလှည့်စက်ဖြင့် စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာကို ပုဂံဒေသနှင့် တဆက်တစပ်တည်း သွားရောက်လေ့လာနိုင်မည့် ရှစ်ခ…
Nov 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာမှ မြောက်ဘက် ၁မိုင် ၅ ဖာလုံခန့်အကွာ၊ ပုပ္ပားဂေါက်ကွင်းမှ အနောက်ဘက် ၁ မိုင် ၁ဖာလုံခန့်အကွာတွင် ပုပ္ပားအုပ်စု၊ သံဖိုချောင်းဖျားကျေးရွာနှင့် သံဖိုအုပ်စု၊ သံဘိုအလယ်ရွာ၊ သံဘိုရွာသစ်တို့တွင် နှစ်သက်တမ်းများစွာကတည်ရှိခဲ့သည့် ကြီးမားသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း တည်ရှိရာ သံဖိုကျေးရွာအား ပုဂံခရီးစဉ်ဒေသနှင့် တဆက်တစပ်တည်း သွားရောက်လေ့လာနိုင်သည့် ရှစ်ခုမြောက်ခရီးစဉ်ဒေသအဖြစ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဖော်ဆောင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Nov 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအား ဂျပန်နိုင်ငံမှလှူဒါန်းသောဆန်ကို ASEAN+3 နိုင်ငံများ၏အစီအစဉ်ဖြင့်လှူဒါန်း
Nov 14,2022
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအား ဆန်ထောက်ပံ့လှူဒါန်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ပြိုင်ပွဲဝင်များနှင့် မိသားစုများ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သို့ သွားရော…
Nov 14,2022
(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကျင်းပပေးလျက်ရှိရာ အနုပညာရှင်တက်သစ်စလူငယ်များ လမ်းမှားမရောက်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပြိုင်ပွဲဝင်များနှင့် မိသားစုများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းတောင့်ရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17786
Page
17787
Page
17788
Page
17789
Current page
17790
Page
17791
Page
17792
Page
17793
Page
17794
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department