Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းဆတ်မြို့၌ မိုးရာသီ ပြောင်းသီးနှံစိုက်ပျိုးရောင်းချသူများအဆင်ပြေ
Jul 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုးရာသီပြောင်းသီးနှံစိုက်ပျိုးမှုများ အောင်မြင်ဖြစ် ထွန်းကာ ဈေးကောင်းရသဖြင့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း
အပြည့်အစုံ ဖတ်ရန်
"ရေမှာအမှိုက် လယ်ယာမြေမှာ ရတနာသိုက်" ဖြစ်လာစေသော အီးအမ်ဗေဒါမြေဆွေးပုံ ပြုလုပ်နည်း အသိပညာပေးဟောပြော လက်တွေ့သရုပ်ပြ
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အောင်တပ်ကျေးရွာ၌ တောင်သူများအား အီးအမ်ဗေဒါ မြေဆွေးပုံပြုလုပ်နည်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြော လက်တွေ့ပြုလုပ်ပုံ အဆင့်ဆင့်ကို ပူးပေါင်း လုပ်ဆောင်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ဘေးကင်းသော သောက်သုံးရေအကြောင်း သိကောင်းစရာ” အသိပညာပေး Talk Show ပြုလုပ်
Jul 22,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ “ဘေးကင်းသော သောက်သုံးရေအကြောင်းသိကောင်းစရာ” အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စက်မှုဇုန်များရှိ စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် Booster Dose (CoviShield) အား နေ့စဉ်ထိုးနှံ
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (CoviShield) ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး စက်မှုဇုန်များရှိ ဝန်ထမ်းများအား(၇)ရပ်ကွက် ဒေသန္တရကျန်းမားရေးဌာနနှင့် စက်မှုဇုန်စက်ရုံများ၌ ယမန်နေ့ နံနက်ပိုင်းတွင် နေ့စဉ်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ဧက (၇၈၉) ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Jul 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စု(၂၂)အုပ်စုတွင် မိုးသီးနှံနေကြာစိုက်ဧက (၇၈၉) ဧက စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက်ထိုးနှံ
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်၀င်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီထိ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစောပိုင်၊ အဖွဲ့ဝင်(၂) ဦးမြင့်အေး၊ အတွင်းရေးမှူး ရဲမှူးတင်အေးတို့မှ ကြီးကြပ်၍ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေး ဝန်ထမ်း ၁၂ ဦးမှ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီး ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဦးဝိစာရရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်း ဆောင်ရွက်ခဲ့ရာ ကျား ၁၀ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း ၂၁ ဦး လာရောက်ထိုးနှံခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦးနှုန်းဖြင့် ၂၁ ဦးအတွက် ဆေးအလုံးရေ ၄.၂ လုံးအား ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် ကလေးသူငယ်အခွင့်အရေးများ၊ မူးယစ်ဆေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 22,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်ကျောင်းသား/သူများအား ကလေးသူငယ်အခွင့်အရေးများ၊ မူးယစ်ဆေးနှင့်သဘာဝဘေးအန္ တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေး ငွေကျပ် ၄၄၆၄ ဒသမ ၅၀ သိန်း ထုတ်ချေးပြီးဖြစ်ကြောင်းသိရ…
Jul 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အတွက် နှစ်စဉ်မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို မေလတတိယပတ်မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ဇူလိုင် ၂၁ ရက်နေ့အထိ ချေးငွေစုစုပေါင်း ၄၄၆၄ ဒသမ ၅၀ သိန်း ထုတ်ချေးဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17789
Page
17790
Page
17791
Page
17792
Current page
17793
Page
17794
Page
17795
Page
17796
Page
17797
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department