Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ…
Nov 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ “နမ့်ခုံး”ရှမ်းများပရဟိတအခမဲ့ဆေးခန်းတွင် အလှူဒါနပြု
Nov 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မွေတော်ပရိယတ္တိစာသင်တိုက်၊ မြို့ဦးဓမ္မာရုံတွင် ဖွင့်လှစ်လျက်ရှိသော “နမ့်ခုံး”ရှမ်းများပရဟိတ အခမဲ့ဆေးခန်း၌ ယနေ့နံနက် (၉)နာရီအချိန် က သွားရောက်အလှူဒါနပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်ရှိ အမှတ်( ၂) အခြေခံပညာအလယ်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်
Nov 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဆိုတဲ့ စကားအတိုင်း ကလေးများ ခြင်အန္တရာယ်ကင်းဝေးစေရေး၊ ခြင်ကြောင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်တားဆီး ကာကွယ်နိုင်စေရန် ရည်ရွယ်၍ နံနက် ၈:၃၀ နာရီက ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Nov 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၏ မိုးစပါးအထွက်နှုန်းအား သိရှိနိုင်ရန် ရည်ရွယ်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ချောင်းဖျားကျေးရွာ၊ တောင်သူ ဒေါ်ခင်ဥ၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံရှိ လယ်မြေတွင် ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ တီဘီရောဂါသံသယလူနာများ ရှာဖွေခြင်းနှင့် ကုသခြင်းကွင်းဆင်းဆောင်ရွက်
Nov 13,2022
ရှမ်းပြည်နယ် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် မိုးနဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါသံသယ လူနာကွင်းဆင်းရှာဖွေခြင်း ကုသပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ မိုးနဲမြို့ပြည်သူ့ဆေးရုံ ကုသဆောင်ဟောင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် RS-CS မိုးစပါးမျိုးသန့်ထုတ် ဧရာမင်း (၅)ဧက စံပြကွက် စတင်ရိတ်သိမ်း
Nov 13,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မကွင်းရှိ တောင်သူဦးသံချောင်းစိုက်ပျိုးထားသော RS-CS မိုးစပါးမျိုးသန့်ထုတ် ဧရာမင်း (၅)ဧက စံပြကွက်ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သူ(၄၄၃)ဦးတို့အတွက် ကုန်ထုတ်လုပ်မှုလွယ်ကူမြန်ဆန်စေမည့် ကျောက်ပန်းတောင်းမြို့နယ် ညောင်ပင်သာ-ထန်းတောဦး ကျေးလက်ကုန်ထုတ်လမ်းနှင့် Slab Culvert (၂)စ…
Nov 13,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တောင်သူ (၄၄၃)ဦးတို့အတွက် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေ မြန်ဆန်လွယ်ကူစေမည့် ကျေးလက်ကုန်ထုတ်လမ်းတစ်ခုဖြစ်သည့်၊ ညောင်ပင်သာ ကျေးရွာတွင် အရှည် ၁ မိုင်၊ ၃.၃၆၄ ဖာလုံ နှင့် Slab Culvert (၂)စင်းပါဝင်သည့်၊ မြေသားလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးနေပြီဖြစ်၍ တောင်သူများ ကုန်ထုတ်ထုပ်ငန်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့အတွက် များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Nov 13,2022
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေကြသော ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ စသည့်ယာဉ်လုပ်သားကြီးများအနေဖြင့် ယာဉ်မတော်မဆမှုဖြစ်ပွားခြင်းမှ ကင်းဝေးပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းဆုံနေရာ (တာမွေလမ်းဆုံ ဘတ်စ်ကားမှတ်တိုင်အနီး)၌ မြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17789
Page
17790
Page
17791
Page
17792
Current page
17793
Page
17794
Page
17795
Page
17796
Page
17797
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department