အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 14,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာပေချစ်သူများစာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆရာကြည်အောင်၏ ကဗျာပေါင်းချုပ်စာအုပ်မှ ခါတကောင်ခံ တပင်ကဗျာကိုဖတ်၍  တစ်ဦးနှင့်တစ်ဦးအတွေးအမြင်များ ဆွေးနွေးခဲ့သည်။
Nov 14,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြခံပညာအထက်တန်းကျောင်း(မံစီ)၌ ယမန်နေ့နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာရေးသားပြိုင်ပွဲ ကျင်းပခဲ့သည်။ 
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပန်းမုံလာသီးနှံ ဈေးကောင်းရရှိနေ၍ ဒေသခံတောင်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကိုအမှီပြု၍ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းအား အားထားစိုက်ပျိုးလုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာအုပ်စုမှ ဒေသခံတောင်သူများထံက သိရသည်။
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ရွှေစက်တော် ဘုရားပွဲတော်ရာသီအမီ မင်းဘူး(စကု)မြို့နယ်၏ သမိုင်းဝင် အထင်ကရစေတီတော် တစ်ဆူဖြစ်သော ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် ခရီးသွားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။
Nov 14,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
Nov 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။