အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို အထက(၁)မြိတ် ကုမုဒြာအဆောင်၌ ယနေ့နံနက်(၉)နာရီခွဲကကျင်းပခဲ့ရာ  အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူ(၁၄၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
Nov 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေ ချစ်မြတ်နိုးသူများဖြင့် စာရေးဆရာမောင်သာချို ရေးသားထားသည့် “ကောင်းသောစကား” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကံမ) ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက် ဖြေဆိုကြသည်။
Nov 14,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက အဆိုပါ ရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူအခွင့်အရေး အသိပညာပေး Online Talk Show အစီအစဉ်အား ယမန်နေ့ နံနက် ၈နာရီအချိန်က ရိုက်ကူးထုတ်လွှင့်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သူဇာစိုး (ဦးစီးအရာရှိ)နှင့် စားသုံးသူရေးရာ ဦးစီးဌာန ၊မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်တို့က အသိပညာပေး ဆွေးနွေးမှုရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
Nov 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (SAEM Project)ဖြင့် စိုက်ပျိုးထားရှိသည့် စိုက်ဧက ၁၀၀ ရှိ မျိုးစေ့ထုတ် မိုးနေကြာများ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Nov 14,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 14,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့လယ်ရပ်ကွက်နှင့်အခြေခံမူလတန်းကျောင်းများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။