Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်တွင်းမြို့နယ်၌ ကန်ကလေးတောရ ရွှေကျင်ကျောင်းစာသင်တိုက် ဖွင့်လှစ်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲအား ကျင်းပသွားမည်ဖြစ်
Nov 13,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက် ဖွင့်လှစ်ခြင်းနှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ပူဇော်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် လူဦးရေစာရင်း၌ လူဦးရေမကျန်ရှိစေရေးအတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက်
Nov 13,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြည်သူများအခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ကာ အိမ်ထောင်စုစာရင်းနှင့်လူဦးရေစာရင်းတွင် လက်ရှိမြေပြင် လူဦးရေများ မကျန်ရှိစေရေး၊ တိကျမှန်ကန်ရေးအတွက် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ အရောက် မြေပြင်ကွင်းဆင်း၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းဖွင့်လှစ်
Nov 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာရေးရည်ရွယ်၍ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက ကော့ကရိတ်မြို့ အထက(၂) ကျောင်းသရဖီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့၌ အခြေခံပညာထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Nov 13,2022
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Nov 13,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူး နှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၁၉/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဖွင့်လှစ်
Nov 13,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မြို့ချောင်း)၌ ယမန်နေ့က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်း (အခြေခံ)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေ လှူဒါန်း
Nov 13,2022
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် သန်းပင်ကုန်းကျေးရွာမှ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင် ဆောက်လုပ်နိုင်ရန် အလှူငွေထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်း က ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင် ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အိမ်တိုင်ရာရောက် အလှူငွေများ သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းလမ်း၌ ကျဉ်းမြောင်းနေသည့် (၁.၄)ကီလိုမီတာ လမ်းပိုင်းနေရာအား တိုးချဲ…
Nov 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်း၌ ကျဉ်းမြောင်းနေသည့် (၁.၄)ကီလိုမီတာ လမ်းပိုင်းနေရာအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး တိုးချဲခင်းပေးလျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17788
Page
17789
Page
17790
Page
17791
Current page
17792
Page
17793
Page
17794
Page
17795
Page
17796
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department